ကံမမြို့နယ်၌ e-ID စနစ်ဖြင့် အိမ်ထောင်စု စာရင်းများ ရေးသွင်းရန်အတွက် Zoom Meeting ဖြင့် သင်တန်း ပို့ချ

ကံမ ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက e-ID စနစ်ဖြင့်  အိမ်ထောင်စု စာရင်းများ ရေးသွင်းရန်အတွက် Zoom Meeting ဖြင့် သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ e-ID ဦးစီးဌာနမှ (၁)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ကျော်ဇေယျဝင်း (ကံမ)