ခန္တီး ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အားဇာနည်နေ့အထိမ်းအမှတ် ပြပွဲ/ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင်လ(၁၄)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်/ဆက်မှ ဦးစီးအရာရှိ ဦးသီဟထက်အောင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ကျောင်းသူ/ ကျောင်းသားများက အာဇာနည်နေ့တို့မမေ့ ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့်စာစီစာကုံး ယှဉ်ပြိုင်ဖြေဆိုကြရာ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့စံတို့က ဆုများ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ပြသထားသည့် နံရံကပ်ဓါတ်ပုံများအား တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)