မူဆယ် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မွေးမြူတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လှုပ်ရှားမှုကို တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှုကို (၁၁.၇.၂၀၂၂)ရက်နေ့မှ (၁၇.၇.၂၀၂၂) ရက်နေ့အထိ ရက်သတ္တပတ်အဖြစ်သတ်မှတ်၍ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါ လှုပ်ရှားမှုပြုလုပ်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က မွေးမြူရေးတိရစ္ဆာများတွင် ဖြစ်လေ့ဖြစ်ထရှိသော ခွာနာလျှာနာရောဂါ၊ အရေပြားအကျိတ်နာရောဂါနှင့်အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါလက္ခဏာများအား စူးစမ်းထောက်လှမ်းခြင်း၊ နမှုနာကောက်ယူခြင်းနှင့် ဓာတ်ခွဲခန်းသို့ပေးပို့ခြင်း၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဇီဝလုံခြုံမှုလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းစသည့် လုပ်ငန်းများကို နမ့်အွမ့်၊ မိုင်းယုကျေးရွာအုပ်စုများသို့ ဆောင်ရွက်လျက်ရှိပြီး မူဆယ်ဒေသရပ်ဝန်းစုံသို့ ဆက်လက်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ထို့သို့ကွင်းဆင်း ဆောင်ရွက်ရာတွင်ဌာနဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားဖြင့် ဖွဲ့စည်းထားသော အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)