ပုဇွန်တောင် ဇူလိုင် ၁၄
၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပုဇွန်တောင်မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပုဇွန်တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ပုဇွန်တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်က မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် မိမိတို့မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်ပွဲစဉ်များ၊ ပြိုင်ပွဲဝင်ဦးရေများအား ရှင်းလင်းဆွေးနွေးပြီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနှင့်ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယခင်မြန်မာ့ရိုးရာဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများ ကျင်းပခဲ့မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပုဇွန်တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်က အကြံပြုဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ပုဇွန်တောင်မြို့နယ်မှ မဟာဂီတ၊ နှောင်းခေတ်ကာလပေါ်၊ ဝါသနာရှင် ပထမအဆင့်၊ ဝါသနာရှင် ဒုတိယအဆင့်၊ ဝါသနာရှင် တတိယအဆင့်၊ အမျိုးဂုဏ်ဇာတိဂုဏ်နှင့် အရေးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်