အမြို့မြို့အနယ်နယ်သတင်းများ

Jul 14,2022
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက်အာဇာနည်နေ့ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ကျပန်း စကားပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက စတင်ကျင်းပပြုလုပ်ခဲ့သည်။
Jul 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆွေးနွေးကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Jul 14,2022
စားသုံးကုန်အသီးအနှံပင်ဖြစ်သည့် ကျွဲကော်သီးပင် ဒေသအခေါ် (ဓာတ်ကျွဲကော်သီး)အား ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ သဘာဝရာသီဥတုနှင့် ရေခံမြေခံအခြေအနေအရ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံမြေများတွင် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ အပိုဝင်ငွေများရရှိလျက်ရှိကြောင်းသိရသည်။
Jul 14,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က အထက (၂) ပြွန်တန်ဆာ၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲတို့အား ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Jul 14,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထက်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်(၈)နာရီခွဲအချိန်က ထိုးနှံပေးခဲ့သည်။
Jul 14,2022
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထိန်လင်း၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ ဆီစက်နှင့်ဆန်စက်လုပ်ငန်းများသို့ ကွင်းဆင်းကြည့်ရှုကာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
Jul 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦး ကူးစက်မှုလျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ အပိုဆောင်းထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးခြင်းများကို မြို့နယ်သာသနာ့ဗိမာန် တော်ကြီးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။