ကျိုင်းတုံ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မိုင်းခတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိးရေးလုပ်ငန်းများဖြစ်သည့် တောင်သုံးလုံးကျေးရွာ ဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးရေးလုပ်ငန်း၊ ဝမ်ခုတ်ကျေးရွာ ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုရေးလုပ်ငန်း၊ မိုင်းခတ်-မိုင်းနှုန်း-ကြက်ဥတောင်-မိုင်းပေါက်လမ်း ၂.၆ ကီလိုမီတာ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းနှင့် မြို့ပေါ်ရှိ မင်းရန်အောင်လမ်း ကတ္တရာလမ်းသားချဲ့ခြင်းလုပ်များအား ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းများ ရေရှည်တည်တံ့ ကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မိုင်းခတ် အ-ထ-က ကျောင်းဆောင်သစ် တည်ဆောက်နေမှုနှင့် မိုင်းခတ်ပြည်သူ့ဆေးရုံ တိုးချဲ့ -နှစ်ထပ်ဆောင် ဆောက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားကာ အ-ထ-ကကျောင်းအတွက် အားကစား ပစ္စည်းများနှင့် မိုင်းခတ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် ပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ကြက်ဥနှင့် အဟာရပြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)