အမြို့မြို့အနယ်နယ်သတင်းများ

Jul 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရွာတန်းရှည်ကျေးရွာအုပ်စု၊ ငှက်ကြီးသိုက်စံပြကျေးရွာတွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပါတ် အစီအစဉ်နှင့်နို့စားနွား(ဒေသ) မွေးမြူမှုဖွံ့ဖြိုးရေး၊ မေထုန်မဲ့သားစပ်ခြင်း လုပ်ငန်းများကို တိရစ္ဆာန်မွေးမြူသူများအားတွေ့ဆုံ၍  အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 18,2022
(၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား/သူများအား စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံတူခဲပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူ များအား ဆုချီးမြှင့်သည့် အခမ်းအနားကို ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန (Community Centre)ခန်းမတွင်  ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။ အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နေလင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
Jul 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ်အတွင်း ကျောင်းပြင်ပရောက်ရှိနေသော အသက် ၁၆ နှစ်မှ အသက် ၁၈ နှစ်ကြားလူငယ်များအား မိသားစုများအတွက် သင့်တော်ကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ချက်၍ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 18,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစာစောင်ပြပွဲကို ယနေ့​​မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jul 18,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌​မော်မြို့နယ်၌ (၇၅) နှစ်မြောက်အာဇာနည်နေ့ အထိမ်း အမှတ် အသိပညာ​ပေးဟောပြောပွဲ၊ စာအုပ်စာ‌​စောင်နှင့် နံရံကပ်စာစောင်ပြပွဲကို  ယနေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ ကျင်းပခဲ့သည်။
Jul 18,2022
၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာ​ပေးဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင် ပြပွဲများကို  ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၁) နာရီက  ကျင်းပခဲ့ကြောင်း သိရသည်။
Jul 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း၊ တောင်ဥက္ကလာပမြို့နယ် (၂၅)ကြိမ်မြောက်(ငွေရတု) သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ(အကြိုလှုပ်ရှားမှု)စာရေးဆရာ ကပ္ပတိန်သာစိန်၏သမိုင်းထဲမှ အနောက်ရခိုင်သားများ စာအုပ်နှင့်မြန်မာ့ရိုးရာပုံပြင်များ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Jul 18,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အကြောင်းအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။