ဟင်္သာတမြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ဟင်္သာတ ဇူလိုင် ၁၈

(၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား/သူများအား စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံတူခဲပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူ များအား ဆုချီးမြှင့်သည့် အခမ်းအနားကို ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန (Community Centre)ခန်းမတွင်  ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။ အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နေလင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာဆွေက  ပြိုင်ပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လူထုအခြေပြုဗဟိုဌာန လုပ်ငန်းဆောင်ရွက်မှုများနှင့် လူထုအခြေပြု စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နေလင်းအောင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲအသီးသီးတွင် ဆုများရရှိခဲ့သည့် ကျောင်းသား/သူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများကို ဇူလိုင်လ(၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပခဲ့ရာ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသား/သူများ၊ ထူးချွန်သည့်ကျောင်းသား/သူများအား ယနေ့နံနက်တွင် အခမ်းအနားဖြင့် ဂုဏ်ပြုဆုချီးမြှင့်ကြောင်း သိရသည်။