တကောင်း ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အကြောင်းအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်သီရိအောင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် သိမှတ်ဖွယ်ရာများအား ရှင်းလင်းပြောကြားခဲ့ပြီး ဆရာမဒေါ်မိုးသက်ခင်ခင်က ကျဆုံးသွားခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦးနှင့် ပတ်သက်သည့် အတ္ထုပ္ပတ္တိများအား အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ (၇၅) နှစ်မြောက် အာဇာနည်နေ့အကြောင်းအသိပညာပေး Talk Show အစီအစဉ်အား အများပြည်သူများ အလွယ်တကူလေ့လာကြည့်ရှုနိုင်စေရန်အတွက် We Love Tagaung Page တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
သီရိအောင် (တကောင်း)