ရှင်ဗွေယန် ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှင်ဗွေယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမာချိုက အဆိုပါပြပွဲပြိုင်ပွဲများ ပြုလုပ်ခြင်းအားဖြင့် ကလေးငယ်များ ဉာဏ်ရည်တိုး တက်မြင့်မား လာစေရန်ရည်ရွယ်၍ ပြုလုပ်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကလေးငယ်များအားလည်း ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ရှင်ဗွေယန်(ပြန်/ဆက် )