အမြို့မြို့အနယ်နယ်သတင်းများ

Jul 18,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းဖွင့်ပွဲကို (Semi-Hybrid) ပုံစံဖြင့် ယနေ့နံနက်တွင် အဆိုပါရုံး၌ ကျင်းပပြုလုပ်သည်။
Jul 18,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ “စားသုံးသူဆိုင်ရာ အသိအညာပေးနှင့် ထုတ်ကုန်လုံခြုံရေး သိကောင်းစရာ” (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ်ရုံး (Community Centre) ခန်းမ၌ကျင်းပခဲ့သည်။
Jul 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ပလောက်တိုက်နယ်ကျန်းမာရေးဌာနက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(ပလောက်)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Jul 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်မထိုးနှံရသူများနှင့် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jul 18,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့များတွင် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ ပေါ်ထွန်းစေရေးအတွက် တိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က မြင်းခြံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
Jul 18,2022
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ဇူလိုင် ၁၉ ရက်နေ့၌ ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ယနေ့နံနက်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ပြုလုပ်ခဲ့သည်။
Jul 18,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟော‌ပြောပွဲကို ယနေ့ နံနက်(၁၁:၃၀)နာရီအချိန်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။