တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်တွင် (၂၅)ကြိမ်မြောက် (ငွေရတု)သက်ကြီး စာပေပညာရှင်များ ပူ‌ဇော်ကန့်တော့ပွဲ (အကြိုလှုပ်ရှားမှု)စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

တောင်ဥက္ကလာပ ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း၊ တောင်ဥက္ကလာပမြို့နယ် (၂၅)ကြိမ်မြောက်(ငွေရတု) သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ(အကြိုလှုပ်ရှားမှု)စာရေးဆရာ ကပ္ပတိန်သာစိန်၏သမိုင်းထဲမှ အနောက်ရခိုင်သားများ စာအုပ်နှင့်မြန်မာ့ရိုးရာပုံပြင်များ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

စာအုပ်မိတ်ဆက်ပွဲအခမ်းအနားတွင်‌ တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာ‌မောင်မြကျော်က အဖွင့်ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံစာ‌ရေးဆရာအသင်း(ဗဟို)မှ အတွင်းရေးမှူး(၃) စာရေးဆရာ‌ အောင်ကြည်ညွန့် (တက္ကသိုလ်)က မုဒိတာစကား‌ ပြောကြားခဲ့ပါသည်။  ဆက်လက်၍ တက်ရောက်လာသော စာ‌ရေးဆရာ၊ ကဗျာဆရာ အောင်ရာဇာ(ဥက္ကလာ)မှ မုဒိတာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထိုနောက် စာရေးဆရာကြီး ကပ္ပတိန်သာစိန်မှ ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေဗိမာန်စာကြည့်တိုက်၊ မြို့နယ်စာရေးဆရာအသင်း ရည်ညွှန်းစာကြည့်တိုက်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တို့အတွက် စာအုပ်လှူဒါန်းခဲ့ပြီး စာအုပ်မိတ်ဆက်ပွဲ တက်ရောက်လာသူများအား ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သတင်း ရရှိသည်။

ခင်ဆွေနှင်း