ချီဖွေမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ချီဖွေ ဇူလိုင် ၁၈

၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာ​ပေးဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင် ပြပွဲများကို  ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၁) နာရီက  ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချီ​ဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဂွါဇာလေးက ပြပွဲများပြုလုပ်ရခြင်းဖြင့် အနာဂတ်လူငယ်များ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ အကြောင်းကိုလည်းကောင်း၊ အာဇာနည်ပုဂ္ဂိုလ် (၉) ဦးတို့၏ အတ္ထုပ္ပတ္တိများကို လည်းကောင်း သိရှိစေရန်၊ ကျောင်းသား/သူများအနေဖြင့် မြန်မာနိုင်င လွတ်လပ်ရေးရအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် အာဇာနည်ခေါင်းဆောင်များအား တန်ဖိုးထားပြီး အစဉ် လေးစား​နေစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း အသိပညာ​ပေး​ဟောပြောခဲ့ပြီး၊ အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား/သူများက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် စာအုပ်စာ​​စောင်များ၊ အာဇာနည်​နေ့ဆိုင်ရာ မှတ်သားသင့်သည့် နံရံကပ်စာ​စောင်နှင့် ဓါတ်ပုံပြပွဲတို့အား စိတ်ဝင်စားစွာ လေ့လာဖတ်ရှု ခဲ့ကြသည်။

ယင်းနောက် မူလတန်းအဆင့်  ကျောင်းသား/သူများအား စိတ်ပျော်ရွင်စေပြီး ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပ​ပေးခဲ့ရာ  ကျောင်းသား/သူ (၁၅) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအား  မြို့နယ် ဦးစီးအရာရှိက ဂုဏ်ပြုဆုများအသီးသီး ​ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

မေခမွန်( ပြန် /ဆက်)