(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာ စောင်ပြပွဲ ကျင်းပ

ဝိုင်းမော် ဇူလိုင် ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌​မော်မြို့နယ်၌ (၇၅) နှစ်မြောက်အာဇာနည်နေ့ အထိမ်း အမှတ် အသိပညာ​ပေးဟောပြောပွဲ၊ စာအုပ်စာ‌​စောင်နှင့် နံရံကပ်စာစောင်ပြပွဲကို  ယနေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာ‌​စောင်နှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်စာမဆီးက  အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အာဇာနည်(၉)ဦး၏ ကိုယ်ရေးအထ္ထုပ္ပတ္တိများကို ဟောပြောခဲ့ကြသည်။

ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်ခဲ့သော ကျောင်းသူ ကျောင်းသားများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်နှင့် နံရံကပ် စာစောင်တွင် ပြသထားသော အာဇာနည် (၉) ဦးအကြောင်း၊ မျောက်ကျောက် (Monkey Pox) ရောဂါဆိုင်ရာကိစ္စရပ်များ၊ မိုးရာသီ၌ ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ် ဆိုင်ရာ အကြောင်းအရာများကို လေ့လာမှတ်သားကြည့်ရှုခဲ့​ကြောင်းသိရသည်။

ဖြူစင် (ပြန်/ဆက်)