မိုင်းငေါ့ ဇူလိုင် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် အမှတ်(၁၀၁၁) နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ခေတ္တနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးအောင်ခိုင်ဝင်း ဦးစီး၍ နည်လှည့်ဆေးကုသရေးအဖွဲ့ သူနာပြုအရာရှိ ဗိုလ်ကြီးထိန်လင်းဝင်း ဦးဆောင်သောအဖွဲ့သည် မိုင်းငေါ့မြို့ပေါ်ရှိ ပြည်သူများနှင့် အနီးဝန်ကျင်ကျေးရွာများရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ ဆေးကုသမှုကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့ သူနာပြုအရာရှိ ဗိုလ်ကြီးထိန်လင်းဝင်းနှင့်အဖွဲ့မှ ပြည်သူများ၏ အထွေထွေရောဂါများဖြစ်သော သွေးတိုး၊ နှလုံး၊ ဆီးချို စသည့် ရောဂါများအတွက် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာများမှ ဆေးလာရောက် ကုသလျက်ရှိကြပြီး ဆေးခန်းသို့ မလာရောက်နိုင်သော လူနာများကိုလည်း ဆေးကုသရေးအဖွဲ့မှ တာဝန်ရှိသူများက အိမ်အရောက် ဆေးကုသမူများသွာရောက် ဆောင်ရွက်ပေးလျက်ရှိကာ လူနာများအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆေးကုသမှုကိုအပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေ နေ့ရက်များတွင် နံနက် (၉)နာရီမှ နေ့လယ် (၂) နာရီ အထိ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်ဆက်)