လှည်းကူးမြို့နယ် အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

လှည်းကူး ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးတိုင်းပညာရေးကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါမှ ကင်းဝေးပြီး  ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂) နှစ်ထိအခြေခံပညာ ကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လှည်းကူးမြို့နယ် ဝါးနက်ကုန်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများ ပူးပေါင်း၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျောင်းသား/သူများအား ကာကွယ်ဆေး မထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာအချက်များကို မေးမြန်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စိုးရိမ်ရသည့် ရောဂါလက္ခဏာရှိ/မရှိမေးမြန်းပြီးမှသာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ကျောင်းသား/သူ များအား ထိုးနှံပေးခဲ့ပြီး၊ သတ်မှတ်ထားသည့်ရက်များအတိုင်းကျန်ရှိသည့် ကာကွယ် ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အေးအေးနွဲ့