နွားထိုးကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာများထုတ်ပေး

နွားထိုးကြီး ဇူလိုင် ၂၁

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌  အငြိမ်းစားများ၏ပင်စင် လစာငွေများကို ယနေ့နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းနှင့်အညီ ပင်စင် လစာငွေထုတ်ပေး လျက်ရှိသည်။

ထိုသို့ ပင်စင်လစာငွေများထုတ်ပေးရာတွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်သူများအား စနစ်တကျရှိစေရန် ၃ပေအကွာနေရာများချထားပေးခြင်း၊လက် ဆေး ဘေလ်စင်များထားရှိပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ပေးထားခြင်း၊ပင်စင် ထုတ်ယူရာတွင် မတ်လ၂၁ရက်နေ့မှစ၍ နွားထိုးကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ ပင်စင်စာများအားနံနက်()နာရီအချိန်မှစ၍ နေ့လယ်()နာရီအချိန်ထိ ထုတ်ပေးလျက်ရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့်မိသားစုဝင်တစ်ဦးမှ  ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သန်းအောင်ဇော်