ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်၌ စိတ်ပိုင်းဆိုင်ရာထောက်ပံ့ကူညီမှု အသိပညာပေးတန်း ဖွင့်လှစ်

ဥတ္တရသီရိ  ဇူလိုင် ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလာရောင်စဉ် (Women Empowerment&Gender Equality)တို့ပူးပေါင်း၍ စိတ်ပိုင်းဆိုင်ရာထောက်ပံ့ကူညီမှုအသိပညာပေးသင်တန်းကို ယနေ့နံနက် ၉နာရီက ခရိုင်ပြည်သူ့ စာကြည့်တိုက်၌ဖွင့်လှစ်ခဲ့သည်။  အဆိုပါသင်တန်းတွင် စာရေးဆရာမ သက်သက် နွယ်(ရန်ကုန်တက္ကသိုလ်)က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြား ရာတွင် စိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှုနှင့်ပတ်သက်၍  ပညာရေး၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာအားပေး ကူညီမှု၊ရုပ်ပိုင်းဆိုင်ရာအားပေးကူညီမှု၊ လူအများ ကြုံတွေ့ရသည့် ပြဿနာများကို ဖြေရှင်းဆောင် ရွက်မှုနှင့်နှစ်သိမ့်အားပေးမှု စသည့်လုပ်ဆောင်မှုများ ဆောင်ရွက်တက်စေရန် ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ(၁၀)ဦး တက်ရောက်ခဲ့ပြီး စိတ်ဓာတ်ခွန်အားပေးမှုများ၊ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းများ၊ လူမှုဆိုင်ရာထောက်ပံ့ပေးမှုများကို စာတွေ့၊ လက်တွေ့လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။                                          

ကျော်စွာဟိန်း(ပြန်/ဆက်)