ကျောင်းကုန်း ဇူလိုင် ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ၂၀၂၂ ခုနှစ် မိုးစပါးရာသီ တစ်ဧက တင်း(၁၀၀) နှုန်းထွက်ရှိရေး ဧက(၁၀၀)စံပြကွက်ရှိတောင်သူများအား ပြည်ထောင်စုအစီအစဉ်ဖြင့် ကွန်ပေါင်းဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲသို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ တက်ရောက်၍ ကျောင်းကုန်းမြို့ နယ်၊၊ ကောက်ကြီးကုန်းအုပ်စု၊ ကောက်ကြီးကုန်းကျေးရွာတွင် ယနေ့နံနက် ၉:၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကောက်ကြီးကုန်းကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာနက စနစ်တကျ ဖော်ထုတ်ထားသော လယ်ယာမြေ စံပြလယ်ဧက(၁၀၀)၌ တောင်သူ(၁၃)ဦးအား တစ်ဧက တင်း(၁၀၀)ထွက်ရှိစေရေး အတွက် ကွန်ပေါင်းဓာတ်မြေဩဇာ တစ်ဧကလျှင် တစ်အိတ်နှုန်းဖြင့် စုစုပေါင်း အိတ် (၁၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကွန်ပေါင်းဓာတ်မြေဩဇာ ပေးအပ်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)