မိုင်းရှူး ဇူလိုင် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ် ၊ပန်စွဲကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို ့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ၊ လူငယ်နဲ့စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နဲ့ကျန်းမာရေးနှင့် မျိုးချစ်စိတ်ဓိတ်ရှင်သန်ထက်မြက်ရေး စသည့်ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဝင်းက လူငယ်နှင့်အားကစားအကြောင်းအရာများ ဟောပြောသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဝင်းက အားကစားပစ္စည်းများပေးအပ်ခဲ့ပြီး အဆိုပါဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူ(၂၄၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)