အမြို့မြို့အနယ်နယ်သတင်းများ

Jun 10,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေး အုပ်စုများအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ လေးများအား ကျောင်းစဖွင့်သည့် ဇွန် ၂ ရက်နေ့မှစ၍ သက်ဆိုင်ရာ ကျောင်းများအလိုက် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးပထမအကြိမ်အဖြစ် စတင်ထိုးနှံပေးခဲ့ရာ ဇွန် ၈ ရက်နေ့အထိ ကာကွယ်‌ဆေးထိုးနှံပြီးသူ ကျောင်းသား၊ ကျောင်းသူ ၁၅၅၅ ဦးရှိပြီဖြစ်ပြီး၊ ယနေ့ နံနက်ပိုင်းမှစ၍လည်း ခနောင်တိုအနောက် ရပ်ကွက်ရှိ အမှတ် (၅) အခြေခံပညာ မူလတန်း‌ကျောင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကာကွယ်‌ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
Jun 10,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးပညာသင်ကျောင်းများတွင် တက်ရောက်ပညာသင်ယူနေကြသည့် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို နံနက်ပိုင်းကစတင်ကာ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးအား အဆိုပါကျောင်းများရှိ သက်ဆိုင်ရာစုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိသည်။
Jun 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင်  ၂၀၂၂ခုနှစ်၊  မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ငါးထပ်ကြီးဘုရားရင်ပြင်တော်တွင်  ယနေ့ နံနက်(၉)နာရီက  ထုတ်ချေးပေးလျက်ရှိရာ  ကဝမြို့  အမှတ်(၅) ရုံးကြီးရပ်ကွက်နှင့် အမှတ်(၆) ခမေလေးရပ်ကွက်တို့မှ တောင်သူ(၁၆၇)ဦးတို့ လာရောက်ထုတ်ချေးကြကြောင်းသည်။
Jun 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကွန်ဟိန်းမြို့၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်ထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်ခန့်က အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 10,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက်တွင် သန်လျင်မြို့ရှိ ယင်းတက္ကသိုလ် သီရေတာ(၁)၌ ကျင်းပသည်။
Jun 10,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ လူနေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်း လိုက်လံ၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအား   အဖွဲ့များခွဲကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jun 10,2022
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန်သည် ရုံးအဖွဲ့မှူး ဦးကျော်စိုးညွန့်၊ ဖျာပုံခရိုင်တရားသူကြီး ဒေါ်သူဇာအေးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဖျာပုံအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးရာ ဖျာပုံမြို့ အကျဉ်းထောင် တာဝန်ခံအရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။
Jun 10,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၉၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(ကျောက်ဆည်)တို့ပူးပေါင်းပြီး ကျောင်သား/သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းရတနာထွန်းခန်းမ၌ ကျင်းပကျောင်းသိရသည်။