အမြို့မြို့အနယ်နယ်သတင်းများ

Jun 09,2022
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ​လူမှုဝန်ထမ်းဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရွှေဘိုမြို့ မူလတန်းကြို​ကျောင်းတွင် က​​လေး ငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်​ရေးနှင့် က​​လေးသူငယ်များပြုစု​စောင့်​ရှောက်ရာတွင် နည်းစနှစ်မှန်ကန်စွာဖြင့် စနစ်တကျပြုစု​စောင့်ရှောက်နိုင်​ရေးအတွက်​ ရှေးဦးအရွယ်က​လေး သူငယ်ပြုစုပြိုး​ထောင်​ရေးနှင့် ဖွံ့ဖြိုး​တိုးတက်​ရေးဆိုင်ရာ (ECCD) (၂၁)ရက်တာသင်တန်းအား (၂၅.၅.၂၀၂၂)ရက်​နေ့မှ (၁၄.၆.၂၀၂၂)ရက်​နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်​ကြောင်း သိရသည်။   
Jun 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Jun 09,2022
 မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ထပ်တိုးခန့် အပ်ထားသည့်လက်ထောက် မူလတန်းပြဆရာ/ဆရာမများအားသင်ကြားရေးလုပ်ငန်းခွင်တွင် လုပ်ငန်းများဆောင်ရွက်ရာ၌ အဆင်ပြေစေရေးအတွက် လုပ်ငန်းခွင်အကြိုရက်တို မွမ်းမံသင်တန်းဖွင့်လှစ်ခြင်းကိုအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ယနေ့တွင် ဆက်လက်ဖွင့်လှစ်ပို့ချ လျက်ရှိကြောင်း သိရသည်။        
Jun 09,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရတ်ချေးငွေများကို သတ်မှတ်ကျေးရွာအုပ်စုများအလိုက် ယနေ့နံနက်ပိုင်းက အဆိုပါမြို့နယ်ဘဏ်၌ တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌နောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်ကြား အခြေခံပညာအဆင့် ကျောင်းသား၊‌ ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်
Jun 09,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသက် (၅)နှစ်မှအသက် (၁၂)နှစ်ထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်​ဆေးကို ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်အသီးသီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့်အဘိတ်ဆေးခပ်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jun 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စ‌ ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများအား အများပြည်သူ ကြည့်ရှုလေ့လာသိရှိနိုင်ရန် ရည်ရွယ်၍ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက  ပြင်ဆင်ခင်းကျင်းပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။