အမြို့မြို့အနယ်နယ်သတင်းများ

Jun 09,2022
နည်းပညာ၊ အသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ) တွင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် အထူးပြုသင်ယူမည့် ဘာသာရပ်များအကြောင်း သိရှိနားလည်စေရန် ရည်ရွယ်ချက်ဖြင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ဟောပြောပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပကြောင်းသိရသည်။
Jun 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ (အ-ထ-က) ကျောင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်လျက် ခရိုင်နှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
Jun 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက် ၉နာရီ အချိန်က သက်ဆိုင်ရာ စာသင်ကျောင်း ဆေးထိုးစုရပ်များအလိုက် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း အခြေခံပညာကျောင်းသား / သူများအား  ကိုဗစ်-၁၉-ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်က အမှတ်(၃) ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း အမှတ်(၁၈)နှင့် အခြေခံပညာမူလတန်းကျောင်း အမှတ်(၃)တို့တွင် ထိုးနှံပေးလျက်ရှိသည်။
Jun 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။
Jun 09,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ကျောင်းနေအရွယ်ကလေးငယ်များ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေးစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက်
Jun 09,2022
“ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြပါစို့” ဟူသည့်
Jun 09,2022
မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် သတင်းသုံးတော်မူနေကြသော ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲ မရှိစေရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဇွန်လ(၈)ရက်၊ မွန်းလွဲပိုင်းတွင်  မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ