အမြို့မြို့အနယ်နယ်သတင်းများ

Sep 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်းသီးနှံ(၁၂၆၉၃)ဧက စိုက်ပျိုးခဲ့ပြီး ဈေးနှုန်းကောင်းသဖြင့် စိုက်ပျိုးသူများ အဆင် ပြေလျက်ရှိကြောင်းနှင့် ပဲတီစိမ်းသီးနှံ တစ်တင်း(၅၉၃၀၀)ကျပ်ရောင်းချရကြောင်း ပွတ္တိုင်ကျေးရွာမှ တောင်သူဦးအောင်ကျော်မြင့်က ပြောပြသည်။  
Sep 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက် နေမှုလုပ်ငန်းအား လျာထားချက်အတိုင်း အချိန်မီပြီးစီးရေးကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ် အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဆုံကုန်းကျေးရွာအုပ်စုနှင့် အထွဋ်ကျေးရွာအုပ်စု ကြာမန်း ကျေးရွာတို့တွင် စက်တင်ဘာ ၃ ရက်နေ့ နံနက်(၁၀) နာရီတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Sep 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကာကွယ်တားဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ် ၄ ရပ်ကွက်အတွင်း ကိုဗစ်ရောဂါမျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့်
Sep 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်​အောင်ခရိုင်၊ မြန်​အောင်မြို့နယ်အတွင်း လုံခြုံ​ရေး၊ တရားဥပ​ဒေစိုးမိုး​ရေး၊ ရပ်ရွာ​အေးချမ်းသာယာ​ရေး၊​ ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များ ပါဝင်​သော ကွင်းဆင်းအဖွဲ့(၂) စစ်​ကြောင်းကြီး(၅)​ ကြောင်းဖြင့် စက်တင်ဘာ ၃ ရက်နေ့ နံနက်က သပြေကုန်းကျေးရွာအုပ်စုအတွင်း ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Sep 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း ရှိ အနှေးယာဉ်များ၏ အရှေ့/ အနောက်တွင် စတစ်ကာစနစ်တကျ ကပ်ထားရန် စက်တင်ဘာ ၃ ရက်နေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးရုံးရှေ့တွင် အနှေးယာဉ်များအား စတစ်ကာကပ်ခြင်း အသိပညာပေးဆောင်ရွက်ခဲ့သည်။
Sep 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက် များအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် များနှင့် မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာ ကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းများကို ယနေ့ နံနက်က ​ မိခင်နှင့် ကလေး ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။