မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် အခြေခံစာရေး(ရုံးလုပ်ငန်း)နှင့် လျှပ်စစ်အခြေခံ သင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ  စက်တင်ဘာ ၆

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် အခြေခံစာရေး(ရုံးလုပ်ငန်း)သင်တန်း အမှတ်စဉ် (၁၂/၂၀၂၂)နှင့် လျှပ်စစ်အခြေခံသင်တန်း အမှတ်စဉ် (၃၄/၂၀၂၂)တို့၏ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်း ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊  ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး ကျောင်း အုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက သင်တန်းသူ၊ သင်တန်းသားများ လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ အခြေခံစာရေး(ရုံးလုပ်ငန်း)သင်တန်း အမှတ်စဉ်(၁၂/၂၀၂၂)ကို သင်တန်းသား၊ သင်တန်းသူ ၃၄ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်  ၆ ပတ် ကြာ မြှင့်မည်ဖြစ်ပြီး လျှပ်စစ်အခြေခံသင်တန်း အမှတ်စဉ် (၃၄/၂၀၂၂)တွင် သင်တန်းသားသင်တန်းသူ ၈ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ရက် သတ္တပတ် ၁၄ပတ် ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)