မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်စွယ်စုံကိုယ်ပိုင် အထက်တန်းကျောင်း၌ နိင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အကြို နယ်လှည့်ဟောပြောပွဲ အခမ်းအနားကျင်းပ

မင်္ဂလာဒုံ စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်  မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်စွယ်စုံ ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ စွယ်စုံကိုယ်ပိုင် အထက်တန်းတန်းကျောင်းမှ တတ်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူ (၁၀၀) ဦးအား မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မွန်ခင်က စာတတ်မြောက်ရေးနေ့ စတင်ဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်များကို အသေးစိပ် ရှင်းလင်း ဆွေးနွေးခြင်းနှင့် မင်္ဂလာဒုံမြို့နယ်၊ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာဦးငွေစိုးမှ What is Education (ပညာရေးဆိုတာဘာလဲ) ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ကြပြီးနောက် စွယ်စုံကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစုလွင်မှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြတ်မွန်ခင် (မင်္ဂလာဒုံ)

ဦးစီးအရာရှိ