အမြို့မြို့အနယ်နယ်သတင်းများ

May 18,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်အဆင့် အခြေခံပညာအထက်တန်းအဆင့် (Grade-10, Grade-11) ဘာသာရပ်မွမ်းမံဆွေးနွေးပွဲကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် မေလ (၁၈) ရက် နံနက်ပိုင်းက ကျင်းပသည်။
May 18,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီ က စတင်၍ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
May 18,2025
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲပြုလုပ်ခြင်းတို့ကို ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
May 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အ-ထ-က(အင်္ဂပူ) ငုရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းက အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
May 18,2025
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကူညီပံ့ပိုးမှုဖြင့် မဟာအောင်မြေမြို့နယ်၊ အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ ရေနက်ကွင်းအား စွန့်ပစ်မြေများဖြင့် မြေဖို့ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 18,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထွက်ရှိထားသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီဈေးနှုန်း ၁၆၀၀ ကျပ် ဖြစ်နေရာမှ ၁၅၀၀ ကျပ်သို့ ဈေးပြန်လည်ကျဆင်းခဲ့ကြောင်း ကြက်သွန်နီပွဲစား ဦးနန်းတင့်ထံက သိရသည်။
May 18,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲကို အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
May 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အတွင်း၌ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ ရေကြီးနစ်မြှပ်သည့် ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတွင် ပြုလုပ်ခဲ့ပါသည်။