အမြို့မြို့အနယ်နယ်သတင်းများ

Jan 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၉)နာရီအချိန်က ဖျာပုံမြို့အ.ထ.က(၁)ကျောင်းအောင်မြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jan 07,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဆုတောင်းပြည့် ဆံတော်ရှင်စေတီတွင် (၁၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်(အကြို) နှစ်ဦးတရားပွဲအား သာသနာတော်နှစ် ၂၅၆၉ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခု၊ ခရစ်နှစ် ၂၀၂၆ ခု၊ ပြာသိုလပြည့်ကျော် (၁၃) ရက်နေ့မှ တပို့တွဲလဆန်း (၁) ရက်နေ့၊၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့မှ (၁၈)ရက်နေ့ ထိညနေ ၆း၃၀ အချိန် ကျိုက္ကစံစေတီတော် ဝတ္တကမြေ အနောက်ဘက်မုခ်အနီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
Jan 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အား အောင်မြင်စွာကျင်းပနိုင်ရေး ကျေးရွာအုပ်စု များ၌ မဲရုံတည်ဆောက်မှုအခြအနေများအား ယမန်နေ့ ညနေပိုင်းက တာဝန်ရှိသူများမှ သွာရောက်၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Jan 07,2026
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်နှင့် တာဝန်ရှိသူများက ဟေမမာလာတောင်ရပ်ကွက်ရှိ မဲရုံများသို့ ရောက်ရှိခဲ့ပြီး ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 07,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုက်နယ်(၁)အတွင်းရှိ ကျေးရွာအုပ်စု ၇ အုပ်စု၌ ဆောင်းသီးနှံ ၇၅၂၂ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
Jan 07,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအတွက် စရိတ်ချီးမြှင့်ငွေပေးအပ်ပွဲနှင့် မွမ်းမံသင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
Jan 07,2026
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပခြင်းကို ဇန်နဝါရီ ၇ ရက် နံနက် ၉ နာရီက အ.ထ.က ပုသိမ်ကြီးရှိ အောင်ဇဗ္မူခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။