အမြို့မြို့အနယ်နယ်သတင်းများ

Jan 07,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 07,2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့၌ ပြုလုပ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင် မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် မဲပေးခွင့် အခွင့်အရေး ပြည့်ဝစွာ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာဘာသာ၊  ကရင်(စကော)၊ ကရင်(ပိုး)၊ မွန်ဘာသာ၊ ပအိုဝ်းဘာသာတို့ဖြင့် ရေးသားဖော်ပြထားသည့် မဲဆန္ဒပေးရာတွင် သိရှိလိုက်နာရန်အချက်များ၊ သတိပေးတားမြစ်ချက်များ၊ EVM စက်ဖြင့် ဘယ်လိုမဲပေးကြမလဲ၊ မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့် စသည်တို့ ပါဝင်သော လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ အိမ်တိုင်ရာရောက် သွားရောက်ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။
Jan 07,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာ ချစ်စံဝင်း ရေးသားသော “ထားရှိရမည့်သဘောထား” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဇန်နဝါရီလ ၇ ရက် နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 07,2026
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် စဉ့်ကိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်အောင်မြင်ရပ်ကွက်၊ မြို့နယ်ခန်းမတွင် ဇန်နဝါရီလ ၆ နေ့ နံနက် ၁၀ နာရီက ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ စဉ့်ကိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်ကွက်ကျေးရွာ ရွေး‌ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
Jan 07,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးဌာနသည် မြို့ပေါ် ၅ ရပ်ကွက်မှ အကြောင်းအမျိုးမျိုးကြောင့်ကျောင်းမနေသည့်  အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မ‌ကျော် မိန်းကလေး ၅၀ ဦးအား ဇန်နဝါရီလ ၇ ရက် နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့်က‌လေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။
Jan 07,2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်ဆည်းပေးသည့် ရှာဖွေကယ်ဆယ်ရေး Speed Boat (၂)စီး မြိတ်ခရိုင်မီးသတ်စခန်းသို့ ရောက်ရှိမှုအား ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့်  တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Jan 07,2026
ပျော်ဘွယ်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များပြုပြင်နိုင်ရန် ငွေသားများပေးအပ်ခြင်းကို ဇန်နဝါရီလ ၆ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 07,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ဇီဇဝါခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။