အမြို့မြို့အနယ်နယ်သတင်းများ

Jan 07,2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲပေးစက်ကိုင်တွယ်သူများအား စက်အသုံးပြုခြင်းဆိုင်ရာ လက်တွေ့မွမ်းမံသင်တန်းနှင့် မဲရုံအခင်းအကျင်း သရုပ်ပြသင်တန်း အခမ်းအနားကို ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက  မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ချယ်ရီစူပါစိမ်းခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Jan 07,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ  ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယနေ့ နံနက်(၁၀)နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jan 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲ ယ‌နေ့နံနက်ပိုင်းက တော်ခရမ်းအရှေ့ကျေးရွာ အ-မ-က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ ရှေးဟောင်းသမိုင်းဝင် သုံးလောကထွဋ်ခေါင် မာရ်အောင်ရတနာဘုရာကြီး၏ (၁၁၆)ကြိမ်မြောက် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာပူဇာ ပူဇော်ပွဲ အခမ်းအနားကို ယမန်နေနေ့လယ်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 07,2026
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ရပ်ကွက်များအလိုက် စီစဉ် ဆောင်ရွက်ထားရှိမှု အ‌ခြေအနေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့၀င်၊ ရန်ကုန်တိုင်းဒေသကြီးတာ၀န်ခံ ဦးအောင်စော၀င်းနှင့် တာ၀န်ရှိသူများက ယမန်နေ့နံနက် ၁၀ နာရီအချိန်က ယမုံနာ(၂) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
Jan 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ကျွန်းတောတွင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ ကျောင်းတွင်းပျော်ပွဲရွှင်ပွဲ နိဗ္ဗာန်စျေးပွဲတော်ကို ဇန်နဝါရီလ ၅ ရက်နေ့၊ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းဝင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။
Jan 07,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း (၂) ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုဖြစ်သည့် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲတို့တွင် ဖြန့်ဝေခဲ့ကြောင်းသိရသည်။