အမြို့မြို့အနယ်နယ်သတင်းများ

May 19,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကောက်စိုက်စက်များဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများသည်  မျိုးကောင်း မျိုးသန့် မျိုးစေ့များ ရွေးချယ်၍ ပျိုးပေါင်များ စတင်ပြုလုပ်လျက်ရှိကြောင်းသိရသည်။
May 19,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံသင်တန်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁) နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပပြုလုပ်သည်။
May 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် လုပ်သက်(၁၀)နှစ်အောက် ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် ၉ နာရီကစတင်၍ သင်ကြားပို့ချပေးလျက်ရှိသည်။
May 19,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့၍ မကျီးပင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသ(ခေါ်)ပေါင်နသာရိုးချောင်း ရေလျှံမှုကြောင့် မကျီးပင်ကျေးရွာ အနိမ့်ပိုင်း အိမ်ဝိုင်းခြံများအတွင်း ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ရေများဝင်ရောက်ခဲ့သည်။
May 19,2025
‎ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးန်ကြီး ဦးနေဝင်းအောင်သည် လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ နေမင်းရောင်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (တောင်ကြီး-ဟိုပုံးလမ်း) လမ်းလုပ်ငန်းများဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီကမိုင်တိုင်အမှတ် ၁၁၆/၃ - ၁၁၆/၄ မိုင်၊ သစ်တောရပ်ကွက်၊ သစ်တောဂိတ်၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
May 18,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ For Life ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက်၉နာရီအချိန်က အင်္ဂလိပ်စကားပြော(အခမဲ့)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်သည်။
May 18,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ညောင်လေးပင်မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်က ညောင်လေးပင်မြို့နယ် သာသနာ့ဗိမာန်ကျောင်းဝင်းကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။