Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲ ကျင်းပ
May 18,2025
မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)၏ ပရိယတ္တိသာသနာပြု မဟာဗုဒ္ဓဝင်ပြန့်ပွါးရေးဓမ္မဒါနအဖြစ် ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာ အလှူငွေပေးအပ်ပွဲကိုယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဆရာတော်ဒေါက်တာပဏ္ဍိတဘိက္ခုနှင့် ဂုဏ်ထူးဆောင်ဆရာတော်များ ကြွရောက်တော်မှုကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ပူဇာ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ ပြောင်းလာသော ယာယီနေရပ်စွန့်ခွာပြည်သူ (၃၃၆) ဦးအား ငွေများပေးအပ်
May 18,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြိုနယ်အတွင်းသို့ ဒေသအသီးသီးမှ ပြောင်းလာသော ယာယီနေရပ်စွန့်ခွာပြည်သူ (၃၃၆) ဦးအား ငွေများ ပေး အပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်း အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ်၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
May 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ မေလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် ငါ့သရောက်မြစ်ရေတင်ဖြင့် မိုးစပါး ၈၀ ဧကစိုက်ပျိုးပြီးစီး
May 18,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်ဆိုလာမြစ်ရေတင်ဖြင့် မိုးစပါး ၈၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြို့တော်ခန်းမနှင့် နေပြည်တော်ကောင်စီရုံး ပြန်လည်ပြုပြင်နေမှုများ ကြည့်ရှုစစ်…
May 18,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မေလ ၁၆ ရက်နေ့ ညနေပိုင်းက နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမအဆောက်အဦ ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် ထိခိုက်ပျက်စီးသည့် အစိတ်အပိုင်းများအား စနစ်တကျ ဖယ်ရှားရှင်းလင်းရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းများအမြန်ပြီးစီးအောင် ပြုပြင်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ ဧရာဝတီပေါ်ဆန်းနှင့် ဆန်းစပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စိုက်သူ၊ ကြိတ်သူ၊ ရောင်းဝယ်သူတို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
May 18,2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊MRF ဒေသကော်မတီ (၅)နှင့် ဖျာပုံခရိုင် (၄) မြို့နယ်မှ တောင်သူများသည် ဧရာဝတီပေါ်ဆန်းနှင့် ဆန်းစပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စိုက်သူ၊ ကြိတ်သူ၊ ရောင်းဝယ်သူတို့ တွေ့ဆုံဆွေးနွေးပွဲကို မေလ (၁၇) ရက်နေ့ နံနက် (၉) နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
အင်းလေးဒေသရှိ မန္တလေးငလျင်ကြီးဒဏ်သင့်ကျေးရွာများ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေး
May 18,2025
ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မန္တလေးငလျင်ကြီးဒဏ်သင့် ကျေးရွာများရှိ အသက် (၂) နှစ်နှင့်အထက် ပြည်သူများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ဟန့်တားကာကွယ် ဆေးတိုက်ကျွေးခြင်းကို မေလ ၁၆ ရက်နေ့က ကြေးစားကုန်းကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၃) (၅/၂၀၂၅) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ
May 18,2025
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၃) (၅/၂၀၂၅) သို့ တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံသင်တန်း ကျောင်းတွင်ရောက်ရှိနေသော ကရင်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်း ရတနာများအား မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အမှတ် (၂၂) ခြေလျင်တပ်မဌာနချုပ် တပ်မမှူးနှင့်တာဝန် ရှိသူများ သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1628
Page
1629
Page
1630
Page
1631
Current page
1632
Page
1633
Page
1634
Page
1635
Page
1636
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department