အမြို့မြို့အနယ်နယ်သတင်းများ

Sep 09,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာ၊ ဓမ္မသုခဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမရပူရမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေးအတွက် ဌာနဆိုင်ရာများ ပါဝင်​သောစစ်ကြောင်း ၅ ကြောင်းနှင့် ကျေးရွာပြည်သူလူထု တွေ့ဆုံပွဲကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 09,2022
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများ Mask ကို စနစ်တကျ တပ်ဆင်အသုံးပြုစေရေးအတွက် Mask များအခမဲ့ ပေးဝေခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့နံနက် ၈ နာရီက မြို့နယ်စည်ပင် သာယာရုံးအနီး ဘုရင့်နောင်လမ်းမကြီးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 09,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက လာမည့်နှစ်တွင် U18 အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရန်အတွက်  ပဏာမ ရွေးချယ်ထားရှိသည့် ပြိုင်ပွဲဝင် အမျိုးသမီးလူငယ် အားကစားသမားများကို  စက်တင်ဘာ ၉ ရက်၊ ယနေ့နံနက်ပိုင်းကစတင်ပြီး
Sep 09,2022
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော နိုင်ငံရေးစစ်ကြောင်း လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း (၅)ကြောင်းဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာ ပြည်သူများအား တွေ့ဆုံ၍ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဒေါတမရပ်ကွက်နှင့် နမ့်ဘော်ဝမ်(ရှမ်း) ရပ်ကွက်တို့၌ ပြုလုပ်ခဲ့သည်။
Sep 09,2022
ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန့်နေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့ မြို့တော် ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး ဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပုသိမ်လေတပ် စခန်း ဌာနချုပ်မှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။
Sep 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တ ရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်စေရန်  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်က မြစ်သားမြို့နယ် ချင်းရွာကျေးရွာ ရွာလယ်ဓမ္မာရုံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Sep 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် Talk Showကို ယမန်နေ့မွန်းလွဲ (၃)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ရတနာ တန်ဆောင်ခန်းမ၌ ၂၀၂၂ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြသည်။