Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း (ရန်ကုန်)၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ
Sep 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန နားမကြားသောကလေးများကျောင်း (ရန်ကုန်)တွင် ယနေ့နံနက် (၁၀:၀၀)အချိန်က ကျောင်းသား/ သူများအား ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ကျန်းမာရေး အသိပညာပေးဟောပြောပွဲတွင် ရန်ကုန်တိုင်း လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ နေခြည်သက်နိုင် က ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အကြောင်း အရာများ၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် လက္ခဏာများ၊ ရောဂါဖြစ်ပွားစဉ် ဂရုပြုရမည့်အချက်များ၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားကြောင်း သံသယဖြစ်ဖွယ်ရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ကျန်းမာရေးကုသမှုခံယူရန်၊ နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးခြင်းနှင့် လူစုလူဝေးများကိုရှောင်ရှားရန် စသည့်အချက်များကို ဆွေးနွေးဟော ပြောရာ တာမွေမြို့နယ် နားမကြားသောကလေးများကျောင်း (ရန်ကုန်)မှ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား/ သူများအား လက်သင်္ကေတဖြင့် သရုပ်ပြပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များအား ရွေ့လျား(Mobile) စနစ်ဖြင့်ရောင်းချပေး
Sep 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များအား ရွေ့လျား(Mobile)စနစ်ဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ဆောင်ရွက်
Sep 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီက အမှတ် ၉ ရပ်ကွက် အိမ်ကြီးလမ်းရှိ ပျံကျစျေးသည်များနှင့် ရေကျော်စျေးအတွင်းရှိ စျေးသည်များနှင့် စျေးဝယ်များအား အသိပညာပေး Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးနှင့် ခြင်ကျားပိုးလောက်လန်း ကင်းစင်ကျောင်းများထူထောင်ရေး သင်တန်းဖွင့်လှစ်
Sep 09,2022
တိုင်းဒေသကြီးအဆင့် ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးနှင့် ခြင်ကျားပိုးလောက်လန်း ကင်းစင်ကျောင်းများ ထူထောင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ပြည်သူများထံ လက်ဝယ်အရောက် စျေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး
Sep 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြည်သူများ လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ပြည်သူများထံ လက်ဝယ်အရောက် စျေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန် က အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ မြို့သစ် (က +ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကိုဗစ်ကော်မတီ အစည်းအဝေးကျင်းပ
Sep 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် ကိုဗစ်ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ် ထန်းသုံးခွကျေးရွာအုပ်စု၊ ထန်းသုံးခွကျေးရွာတွင် စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေးကွင်းဆင်း ဆောင်ရွက်
Sep 09,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာများက ယမန်နေ့နံနက်ပိုင်း က ထန်းသုံးခွကျေးရွာအုပ်စု၊ ထန်းသုံးခွကျေးရွာသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်တွင် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Sep 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကိုဗစ်-၁၉ရောဂါ
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16189
Page
16190
Page
16191
Page
16192
Current page
16193
Page
16194
Page
16195
Page
16196
Page
16197
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department