လွိုင်ကော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ( ၅ ) ကြောင်းမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လွိုင်ကော်     စက်တင်ဘာ   

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော နိုင်ငံရေးစစ်ကြောင်း လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း ()ကြောင်းဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာ ပြည်သူများအား တွေ့ဆုံ၍ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဒေါတမရပ်ကွက်နှင့် နမ့်ဘော်ဝမ်(ရှမ်း) ရပ်ကွက်တို့၌ ပြုလုပ်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်ရှိ တပ်ဦးဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့ပြီး ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မိုးထွန်းမှ ဒေသနေပြည်သူများ၏ ပညာရေး၊ ကျန်မာရေး၊ လူမှုရေးစသည့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရန် ကွင်းဆင်းလာရောက်ခြင်း ဖြစ်ပါကြောင်း၊ ပြည်သူလူထုများမှလည်း မိမိတို့၏ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေးပေးကြစေလိုကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ လိုအပ်ချက်အလိုက် ပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကို ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးကျော် က နိုင်ငံရေးဖြစ်စဉ်အဆင့်ဆင့် ပြောင်းလဲလာမှု အခြေအနေများကိုလည်းကောင်း၊  စစ်ကြောင်းကြီး ()ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာအသီးသီးမှ ပြည်သူလူထုနှင့်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအားလည်းကောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် လွိုင်ကော်အခြေစိုက် အမှတ်()တပ်မတော် စစ်ဆေးရုံမှ အရာရှိနှင့်စစ်သည်များမှ ပြည်သူလူထုများအား အထွေထွေကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး သက်ဆိုင်ရာဌာနများမှ ကိုဗစ်ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ခြင်း၊ လူမှုဝန်ဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးအပ်ခြင်း၊ ပရဟိတကျောင်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် အမှတ်(၅၄)ခြေလျင်တပ်ရင်း မူကြိုကျောင်းအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကွင်းဆင်း ဆောင်ရွက်ခြင်းသို့ ပြည်သူလူထု (၂၅၀) ခန့် တက်ရောက်ခဲ့သည်။ ဆက်လက်၍ နေ့လယ်(၁၂)နာရီ တွင် နမ့်ဘော့ဝမ်(ရှမ်း) ရပ်ကွက်ရှိ ပြည်သူလူထုများနှင့် တွေ့ဆုံ၍ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)