မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး Mask များအခမဲ့ပေးဝေပြီး အသိပညာပေးခြင်းဆောင်ရွက်

မြဝတီ စက်တင်ဘာ  ၉

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများ Mask ကို စနစ်တကျ တပ်ဆင်အသုံးပြုစေရေးအတွက် Mask များအခမဲ့ ပေးဝေခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့နံနက် ၈ နာရီက မြို့နယ်စည်ပင် သာယာရုံးအနီး ဘုရင့်နောင်လမ်းမကြီးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာ မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် ဦးဆောင်ပြီး မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီ၊ မြဝတီခရိုင်ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချောကြည်ကြည်၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦး၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊  မြဝတီမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့ နယ်တပ်ဖွဲ့မှူး ဦးအောင်သွင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

အလားတူ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ ချက်​​ခြင်းစစ်ဆေးခြင်းကိုလည်း ကျန်းမာရေး ဝန်ထမ်းများမှ ဆောင်ရွက်ပေးသည်။  နိုင်ငံတစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ပြန်လည် များလာသည့်နည်းတူ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တွင်လည်း ရောဂါဖြစ်ပွားမှု များပြား လာခြင်းကြောင့် ယခုကဲ့သို့ လှုပ်ရှားမှုများအားဆောင်ရွက်ခြင်းဖြစ်ကာ ထပ်မံ၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)