မြစ်သားမြို့နယ်အတွင်း  မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ

မြစ်သား စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တ ရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်စေရန်  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်က မြစ်သားမြို့နယ် ချင်းရွာကျေးရွာ ရွာလယ်ဓမ္မာရုံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဘိုဘိုအောင်က နိုင်ငံရေးအခြေအ နေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ် တို့ကို အကောင်ထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက မိမိဌာနအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး ဒေသခံပြည်သူများက  ကျေးရွာအတွင်း ဖောက်လုပ်ထားသော ကွန်ကရစ်လမ်း၏ လမ်းဘေးဝဲယာ၌  ကျောက်ချောလမ်းခမ်းပေးစေလိုကြောင်း၊ မိုးစပါးစိုက်ရာသီရောက်လာသဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေသြဇာများအား ၄ ဧကလျှင် တစ်အိမ်နှုန်းရောင်းချပေးနိုင်ရန်၊ ကျေးရွာအတွင်း လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းကို အထောက်အကူပြုနိုင်မည့် ထောက်ပံ့ကူညီပေးနိုင်မှုတို့ကို ဆွေးနွေး တင်ပြကြရာ တက်ရောက်လာသည့်  ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးရွာအုပ်စုအတွင်းရှိ နွားကောင်ရေ (၂၆) အား လည်ချောင်းကွဲ၊ အာခေါင်ကွဲ၊ (HS) ကာကွယ်ဆေးအား ဒေသခံပြည်သူများ  အိမ်တိုင်ရာအရောက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

သီတာအောင် (မြစ်သား)