အမြို့မြို့အနယ်နယ်သတင်းများ

Sep 09,2022
တံတားဦးခရိုင် တံတားဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ရပ်ကွက်နှင့် ကျေးရွာများရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ  ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ် ဆေးထိုးခြင်းနှင့် တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီကစတင်၍ သက်ဆိုင်ရာစုရပ်များတွင် ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
Sep 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) တွင် မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show အား ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်သည်။
Sep 09,2022
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ မြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပန်တိန်းကျေးရွာ သာသနာပြုဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 09,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က မီးဖိုချောင်သုံး စားသုံးဆီများကို အောင်လံမြို့နယ် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးအောင်မိုး၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆီကုန်သည်များအသင်းတို့မှ  ဈေးနှုန်းသက်သာစွာဖြင့်
Sep 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက် များဖြစ်သည့်
Sep 09,2022
ပုသိမ်မြို့၏ ရှေးဟောင်းသမိုင်းဝင် ဘုရားတစ်ဆူဖြစ်သော ရွှေမုဌောမဟာစေတီတော်မြတ်ကြီးရှိ ဦးမောင်ကြီး အာရုဏ်ခံတန်ဆောင်းတော်ကြီးတွင် ဝါတွင်းကာလဥပုသ်နေ့ သီလပေးခြင်း အခမ်းအနားနှင့် အတူ ဂရုဓမ္မအခါ တော်နေ့အခမ်းအနားကို ယနေ့ ၁၃၈၄ ခုနှစ် တော်သလင်း လပြည့်နေ့၊ အခါသမယ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါး မျိုးစေ့ထုတ်၊ စံပြကွက်၊ စမ်းသပ်ကွက် စိုက်ပျိုးသည့် တောင်သူများအတွက် ယူရီးယားဓါတ်မြေသြဇာ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀း၀၀) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Sep 09,2022
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ အချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ တိုင်း/ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့