ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် Talk Showကို ယမန်နေ့မွန်းလွဲ (၃)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမဥ္ဇူ က Talk show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ စာတတ်မြောက်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ချက်များ၊ စာတတ်မြောက်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများကို ပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်စန္ဒာ က မြန်မာနိုင်ငံတွင် စာတတ်မြောက်ရေးလှုပ်ရှားမှုများကို ခေတ်အဆက်ဆက်ပြုလုပ်ခဲ့ပုံများ၊ စာမတတ်သူနှင့် စာတတ်သူကွာခြားပုံ၊ စာပေသည် အမှား၊ အမှန်ခွဲခြားနိုင်ပြီး ဆင်ခြင်တုံတရားများရရှိလာစေမည် ဖြစ်ပြီး စာဖတ်ခြင်း၊ ဗဟုသုတ ရှာမှီးခြင်းတို့ကို အစဉ်အမြဲ လေ့လာဆည်းပူးနေကြရမည် ဖြစ်ကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးမဉ္ဇူ(ပြန်/ဆက်)