မူဆယ်မြို့တွင် အခြေခံပညာမူလတန်းကျောင်းများတွင် ကျောင်းသား/သူများကို အာဟာရ နွားနို့တိုက်ကျွေးခြင်း အခမ်းအနားပြုလုပ်

မူဆယ် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက် အ.မ.က (၁) ကျောင်းတွင် အာဟာရနွားနို့တိုက်ကျွေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ ပြုလုပ်ရာတွင် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မူဆယ်ခရိုင် ဦးစီးမှူး ဒေါက်တာဆန်းဝေဖြိုးက ယခုလိုအာဟာရနို့တိုက်ကျွေးခြင်းကို ၂၀၁၇ မှစပြီး အကောင်အထည် ဖော် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ရှမ်းပြည်နယ်တွင်လည်း ၂၀၁၉-၂၀၂၀ မှစ၍ အစိုးရ ရန်ပုံငွေဖြင့် စုပေါင်းတိုက်ကျွေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူး ဒေါက်တာစန္ဒာကြည်က နို့ထဲတွင် နွားနို့သည် အကောင်းဆုံး အာဟာရဖြစ်ကြောင်း၊ နွားနို့တွင်ပါရှိသော အဆီဓာတ်၊ အချိုဓာတ်၊ သကြားဓာတ်၊ အသားဓာတ်များ ပြောပြခြင်း၊ နွားနို့သည် ကျောင်းသား/သူ များအတွက် သောက်သုံးသင့်သည့် အာဟာရဖြစ်ကြောင်း၊ မူဆယ်မြို့ရှိ အခြေခံပညာ ကျောင်းများရှိ ကျောင်းသား/သူများကို ၂၀၁၆ ကစ၍ တိုက်ကျွေးခဲ့ကြောင်း၊ နွားနို့ သောက်သုံးခြင်းဖြင့် ကျန်းမာသန်စွမ်းပြီး ကိုယ်ခန္ဓာဖွံဖြိုးမှု မြန်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မူဆယ်ခရိုင် ပညာရေးမှူးကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး (စီမံ) ဆရာကြီး ဦးအောင်ကိုမှလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်မှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်များ ပူးပေါင်း၍ ကျောင်းသား/သူများကို နွားနို့အာဟာရတိုက်ကျွေးခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)