လှိုင်မြို့နယ်၌ အခြေခံစားသောက်ကုန်များရောင်းချနေမှု အားရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦး စီုးသိန်းနှင့် တာဝန်ရှိသူများကြည့်ရှုအားပေး

လှိုင် စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊အမှတ်()ရပ်ကွက်၊ ယုဇနလမ်း၊ ဇေယျသိဒ္ဓိ ဓမ္မါရုံ၌ ယနေ့နံနက် ၉း၃၀နာရီအချိန်ကရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာရောင်းချနေမှုအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ လာရောက်ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါ ပြည်သူများထံ ဆန်တစ်ပြည်(၁၆၀၀)ကျပ်၊ဆီတစ်ပိဿာ(၅၃၀၀)ကျပ်၊ကြက်ဥတစ်လုံး (၁၇၅)ကျပ် နှုန်းဖြင့် ရောင်းချပေးမှုများအား မရမ်းကုန်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ခိုင်၊ လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ များကစီမံဆောင်ရွက်ပေးခဲ့ပြီးလာရောက်ဝယ်ယူသည့် ပြည်သူများအား ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝင်များမှ Maskများ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ကျော်ရဲအောင်(ပြန်/ဆက်)