ပိုင်ကျုံမြို့ အ.ထ.ကကျောင်း၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်‌ရေးအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ပိုင်ကျုံ  စက်တင်ဘာ  ၁၀

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊  အ.ထ.က ကျောင်း၌ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေးအကြောင်း သိကောင်းစရာများကို ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ပိုမိုရရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က အသိပညာ‌ဟော‌ပြောပွဲ ဆောင်ရွက်ခဲ့ သည်။

ရှေ့ဦးစွာ ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက  ဟောပြောပွဲ ဆောင် ရွက်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်း‌ပြောကြားပြီး ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်‌နော်ခူးခူးက ကမ္ဘာပေါ်မှာရှိတဲ့လူသားများဟာ ကုန်စည်ဖလှယ်ခြင်း၊ ရောင်းဝယ် ခြင်းစတဲ့အလုပ်များကို ရှေးအခါကတည်းက ဆောင်ရွက်ခဲ့ကြကြောင်း၊ လက်နက်ရောင်းဝယ်ခြင်း၊ မူးယစ် ဆေးဝါးရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်းများဟာ လောကမှာအဆိုးရွားဆုံး ကုန်သွယ်မှုဖြစ်ပြီး လူကုန်ကူး ခြင်းဟာ တိုက်ဖျက်ရန်အခက်ခဲဆုံးဖြစ်ကြောင်း၊  လူကုန်ကူးမှုလုပ်ရတဲ့ရည်ရွယ်များ၊ လူကုန်ကူးသူများ လူကုန် ကူးရန် အဓိကပစ်မှတ်ထားသည့်အုပ်စုများ၊ လူကုန်ကူးမှုမှတားဆီး ကာကွယ်နိုင်ရေး ဆောင်ရန်/ရှောင်ရန် အချက်များ စသည့်အသိပညာပေးချက်များ ဆွေးနွေး ဟောပြောခဲ့သည်။ 

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြသထားသော လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်‌ရေးအသိပညာပေးနံရံကပ် စာစောင်အား ကျောင်းသားလူးငယ်များက စိတ်ဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နော်ခူး( ပြန်/ဆက် )