ဖျာပုံ စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း သွားလာနေကြသော ဆိုင်ကယ်မောင်းနှင်ကြသည့် ပြည်သူများအား ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုး သေချာစွာတပ်ဆင်မောင်းနှင်ကြ ခြင်းဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်းကို ဖျာပုံမြို့အမှတ်(၃)ရပ်ကွက်၊ ဖျာပုံတံတားကြီးဘေးတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ဟောပြောပွဲ ပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောရာတွင် ဖျာပုံခရိုင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေးကော်မတီမှ ဦးဆောင်၍ အမှတ် (၈၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ) မှ တပ်ဖွဲ့စုမှူးဒုရဲမှူး ယဉ်မင်းသိုက်က မြို့နယ်အတွင်း သွားလာနေကြသော ဆိုင်ကယ်မောင်းနှင်ကြသည့် ပြည်သူများအား၊ ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုး သေချာစွာ တပ်ဆင်မောင်းနှင်ကြရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများအား အသေးစိတ် ရှင်းလင်းပြောကြားပြီး ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးငွေမင်းထိုက်နှင့် ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့ယာယီရဲမှူး ဌေးနိုင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦး၊ အမှတ် (၈၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးနှင့် တပ်ဖွဲဝင်များက လိုက်လံအသိပညာပေး ဟောပြောကြပြီး ဖျာပုံမြို့နယ်အနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေး ဆိုင်းဘုတ် များကိုလည်း၊ မြို့နယ်အတွင်းရှိ မြို့ဝင်မြို့ထွက်နှင့် လူစည်ကားရာ လမ်းဆုံနေရာများတွင် စိုက်ထူထားပြီး အသိပညာပေးဟောပြောခြင်းတို့ကို နေ့ရက်အလိုက် လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင် (ပြန်/ဆက်)