ဇီးကုန်း ဇန်နဝါရီ ၇
ဇီးကုန်းမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်းမရှိသူများနှင့် ပျောက်ဆုံး၊ ပျက်ဆီး၊ လှဲလှယ်ခြင်းတို့အား One Stop Service ဖြင့် ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဇန်နဝါရီလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်ဦးစီးမှူး ဦးထွန်းအေး၏ ကြီးကြပ်မှုဖြင့် ဇီးကုန်းမြို့နယ်အတွင်းရှိ နိုင်ငံသားကတ်ပြား ပျောက်ဆုံး၊ ပျက်ဆီး၊ လှဲလှယ်ခြင်းဆောင်ရွက်ပေးနေမှုအား ခရိုင်ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီဝမ်က ကြည့်ရှုစစ်ဆေးပြီး၊ အထောက်အထားပြည့်စုံခိုင်လုံစွာဖြင့် လာရောက်ပြုလုပ်သူများအား နိုင်ငံသားကတ်များကို လက်ဝယ်အရောက် နေ့ချင်းပြီးဆောင်ရွက်ပေးအပ်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့်လည်း ယနေ့အထိ နိုင်ငံသားစိစစ်ရေးကတ် (၇၁၉) ခုအား ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)