လသာမြို့နယ်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

လသာ ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့‌ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community centre) ခန်းမတွင် စာရေးဆရာမ မတင်ဝင်း (သတ္ထုတွင်း)၏ "လွမ်းမောတမ်းတရတဲ့နွေရက်များ" ရသ ဝတ္ထုဖြင့်ဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

(Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးသူရ‌ဇော်ကအမှာစကားပြောကြားခဲ့ပြီး စာဖတ်ဝိုင်းတွင် ဆရာတော်ဘုန်းတေဇ၊ စာရေးဆရာမကြီးတင့်တယ်ခင်၊ စာရေးဆရာကြီး ကျော်ဇင်၀င်းတို့က မုဒိတာစကား‌များ ပြောကြားကာ လသာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာမ မတင်ဝင်း(သတ္ထုတွင်း)၏ "လွမ်းမောတမ်းတရတဲ့နွေရက်များ" ရသဝတ္ထုကို စာရေးဆရာမ မတင်ဝင်း(သတ္ထုတွင်း)က ဖတ်ကြားခဲ့ပြီး တက်ရောက်လာကြသည့် မြို့နယ် (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင် စာရေးဆရာ/ဆရာမများက အဆိုပါရသဝတ္ထုတွင် ပါဝင်သည့် အကြောင်းအရာတို့ကို ကောက်နုတ်ဆွေး‌နွေး နှိုင်းယှဉ်၍ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့် ရွေး‌ကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို စာပေချစ်မြတ်နိုးသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

နေလင်း(ပြန်/ဆက်)