ကရသူရိမြို့၌ ယာဉ်အန္တရာယ်ကင်းဝေးရေး  စစ်ဆေးဆောင်ရွက်

ကရသူရိ ဇန်နဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌  ယာဥ်မောင်းနှင်းသူများသည် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကျင့်သုံးနိုင်ရေးနှင့် ယာဉ်အန္တရာယ် ကင်းဝေးရေး အပတ်စဉ် စစ်ဆေးခြင်းကို ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက်၊ ပြည်ထောင်စုကားလမ်းမကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နယ်မြေစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့များ၊ မြို့အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ မော်တော်ယာဉ်များအား ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်၊ ခါးပတ်ကြိုး၊ ယာဉ်ဘတ်မှန်၊ ယာဉ်မောင်းနှင်းသည့်နှုန်း၊ ယာဉ်ဘီးကြံ့ခိုင်မှုနှင့် သတ်မှတ်ထားသည့် အချက်များကို စစ်ဆေးဆောင်ရွက်သည်။

အဆိုပါ ဆောင်ရွက်ခြင်းသည် ယာဉ်မောင်းနှင်းသူများနှင့် ခရီးသွားလာပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးရေး သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရေးစစ်ဆေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)