အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လမ်းညွန်ချက်ဖြင့် အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက်က ရန်မျိုးအောင်ရပ်ကွက်တွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
Sep 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးရေးလုပ်ကိုင်လျက်ရှိသော လယ်ယာများမှ ကျေးရွာအတွင်းသို့ ကုန်ထုတ်သီးနှံများ အဆင်ပြေချောမွေ့စွာ သယ်ယူနိုင်ရန်နှင့် သွားလာရေး လွယ်ကူစေရန် ရည်ရွယ်၍ ခုတ်နမ့်ကျေးရွာတွင် ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 12,2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန နှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်စေရန်၊ အနာဂတ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် အားကစား ကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက (အ.ထ.က) ထိန်ပင်မြောင် ကျောင်းခန်းမအတွင်း ကျင်းပပြုလုပ်သည်။
Sep 12,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံ​ဖြူဇရပ်မြို့နယ်၌ ရပ်ကွက်နေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက စက်တင်ဘာ ၁၂ ရက်နံနက် ၉ နာရီတွင် ဝါခရူကျေးရွာ တိုင်တစ်ရာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်း၍ ​​ ဒေသနေပြည်သူများနှင့် တွေ့ဆုံသည်။
Sep 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဖျာပုံမြို့နယ်ဆန်စက်၊ဆန်ကုန်သည်များအသင်း၊ မြို့နယ် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကူညီမှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပြည်သူများ သက်သာချောင်ချိရေး အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုးအား သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် စက်တင်ဘာလ (၁၂)ရက်နေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့အမှတ် (၁၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ရောင်းချပေးလျက် ရှိ​ကြသည်။
Sep 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး Mask တပ်ဆင်ထားခြင်း မရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေ​ပေးခြင်းကို စက်တင်ဘာလ (၁၂)ရက်နေ့ နံနက်(၈)နာရီ အချိန်က ဖျာပုံမြို့ချောင်းတွင်းလမ်းမကြီး၊ ဖျာပုံတံတားကြီးအောက်၌ ပြုလုပ်သည်။
Sep 12,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်က ဟိုပန်မြို့၊ မြို့မဈေးတွင် ဆောင်ရွက်ခဲ့သည်။
Sep 12,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်၊စပါးအပြင် နေ့စဉ်ဝင်ငွေရရှိသည့် သီးပင် စားပင်များစိုက်ပျိုးလျက်ရှိရာ ထားဝယ်ကျေးရွာတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသဖြင့် မိသားစုများ အဆင်လျက်ရှိကြောင်း သိရသည်။