ကျောက်ဆည် စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်၊စပါးအပြင် နေ့စဉ်ဝင်ငွေရရှိသည့် သီးပင် စားပင်များစိုက်ပျိုးလျက်ရှိရာ ထားဝယ်ကျေးရွာတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသဖြင့် မိသားစုများ အဆင်လျက်ရှိကြောင်း သိရသည်။
ရုံးပတီသီးနှံသည် နေ့စဉ်ခူးဆွတ်ရောင်းချရသည့် သီးနှံတစ်မျိုးဖြစ်ကြောင်းနှင့် “စပါးနဲ့နှမ်းကို အဓိထားစိုက်ပျိုးပြီး နေစဉ်အသုံးစရိတ်ရရှိရေးအတွက် ယာမြေ(၁)ဧကတွင် ရုံးပတီပင်များ စိုက်ပျိုးထား ကြောင်း နှင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ထားခြင်းဖြစ်သဖြင့် ကုန်ကျငွေကျပ်(၂)သိန်းကျော်ခန့်ကုန်ကျကြောင်း၊ ရုံးပတီသီးနှံသည်စိုက်ပျိုးပြီး ရက်ပေါင်း(၆၀)ကျော်မှစတင်ကာ နေ့စဉ်ခူးဆွတ်ရောင်းချရပြီး ရောင် းဈေး အနေနှင့် ရုံပတီသီးတစ်ပိဿာလျှင် ငွေကျပ်(၆၀၀)မှ(၇၀၀)ကျပ်အထိ ရောင်းချရကြောင်း စတင်ခူးဆွတ်ချိန်တွင် (၁၅)ပိဿာခန့်ခူးဆွတ်ရပြီး အသီးလှိုင်လှိုင်သီးချိန်တွင် (၆၀)ပိဿာအထိ ခူးဆွတ်ရောင်းရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ထားဝယ်ကျေးရွာမှ ဦးဝင်းနိုင်က ပြောပြသည်။
ရုံးပတီသီးနှံသည် ရေကြိုက်နှစ်သက်သဖြင့် (၂)ပေအကျယ် မြေဘောင်များပြုလုပ်ကာ တစ်ပင်နှင့် တစ်ပင် တစ်တောင်ခန့်အကွာတွင် အစေ့တိုက်ရိုက်ချစိုက်ပျိုးနိုင်ပြီး အစိုဓာတ်မပြတ် ရေသွင်းပေးရ ကြောင်း၊ အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းသင်ခြင်း၊ မြေဩဇာ ကျွေးပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် အသီးအထွက်နှုန်းကောင်းမွန်ကြောင်း၊ လိုအပ်သည့်အချိန်တွင် သဘာဝရောဂါပိုးကာကွယ်နှိမ်နင်း ဆေးများ ဖျန်းပေးရကြောင်း၊ အပင်ပြုစုကောင်းပါက ရက်ပေါင်း(၉၀)အထိ ခူးဆွတ်ရောင်းချရသဖြင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ် ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)