ပြည်ကြီးမဏ္ဍိုင်မြို့တွင်အသက်(၁၂)နှစ်မှ(၁၈)နှစ်ထိကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး

ပြည်ကြီးမဏ္ဍိုင်     စက်တင်ဘာ   ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင်ကျောင်းနေအရွယ်ကလေးများကျန်း မာပျော်ရွှင်စွာ  ပညာသင်ယူနိုင်ရေးအတွက် အသက်(၁၂)နှစ်မှ(၁၈)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာအလယ် တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) ကျောင်း၌ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအားဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌  အ.ထ.က (၁)ကျောင်း၊ အ.ထ.က(ခွဲ)(၂)ကျောင်း၊ အ.လ.က(၃) ကျောင်း၊ အ.မ.က (၁၃)ကျောင်း၊မူလွန်(၂)ကျောင်း၊စုစုပေါင်း(၂၁)ကျောင်းရှိရာ အ.လ.က (ပြည်ကြီးမဏ္ဍိုင်) ကျောင်းဆောင်ခန်းမတွင် အ.လ.က (ပြည်ကြီးမဏ္ဍိုင်)ကျောင်းရှိ  အသက်(၁၂) နှစ်မှ(၁၈)နှစ်အထိ ကျား(၂၂)ဦး၊ မ(၁၉)ဦး စုစုပေါင်း (၄၁) ဦးအားလည်းကောင်း၊ အ.မ.က (ရေနောက်ချောင်း)မှ ကျား (၄၀)ဦး၊ မ(၃၀)ဦး၊ စုစုပေါင်း (၇၀) ဦးတို့အား  ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေးခဲ့ရာ မိဘအုပ်ထိန်းသူများ၏သဘော တူခွင့်ပြုချက်ဖြင့် ကာကွယ်ဆေး ထိုးနှံပေး ခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းမှပြော ကြားသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးနှံပေးပြီးကိုယ်အပူချိန်တိုင်းပေးခြင်း၊ ဆေးထိုးပြီးသူများအား မိနစ်(၃၀)ခန့်နားနေ စောင့်ကြည့်ခြင်း ဖြင့်ကာကွယ်ဆေးထိုးနှံပေးခြင်းကို အစီအစဉ်အတိုင်း ဆက် လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)