အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊‌ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အမှတ်(၁)ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ယနေ့နံနက် ၈ နာရီ အချိန်ခန့်က ဆန်နှင့်စားသုံးဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ‌သည်။
Sep 13,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ ဝင်များ၊ ပရဟိတအဖွဲ့များ၊ မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဟောပြောခြင်းနှင့် Mask Campaign လှုပ်ရှားဆောင်ရွက်ခြင်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
Sep 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပြည်သူ့စာကြည့် တိုက်အရှေ့ရှိ မြေစိုက်ဘုတ်တွင် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၃ရက် နေ့မှာကျရောက်မည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနေ့ အထိမ်းအမှတ် လူကုန်ကူးမှုပပျောက်ရေး ပြည်သူအားလုံးပါဝင်ပေး အသိပညာပေး ဗွီနိုင်းပိုစတာများကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က စ၍ခရီးသွားမိဘပြည်သူများ၊ကျောင်းသါး မိဘများ၊ကျောင်းသား/သူများ အလွယ်တကူလေ့လာမှတ်သားနိုင်စေရန် စိတ်ဝင်စားဖွယ် ရောင်စုံစက္ကူများဖြင့် ကပ်ထားကြေငြာပေးခြင်းကို ဆောင်ရွက်ပေးကြသည်။
Sep 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် လူကုန်ကူးမှုအန္တရာယ်တာဆီးကာကွ‌ယ်ရေးနှင့်
Sep 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောမတ်(စ်)နှင့်အတူ မိုင်းယောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံနေမှုအား လိုက်လံကြည့်ရှုပြီး အားပေးစကားပြောကြားကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
Sep 13,2022
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မူလတန်းလွန် - ပုန်ခုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 13,2022
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း “တေဇ” ခန်းမတွင် ယမန်နေ့ နေ့လည် ၁ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။